Rental Discounting
အကယ်၍ သင်၌ အချက်အချာကျတဲ့ နေရာတွင် စီးပွား ရေး လုပ်ငန်း ပိုင်ဆိုင်မှုတစ်ခု (သို့) နာမည်ဂုဏ် သတင်း ကောင်း မွန်တဲ့ လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်း (သို့) သံရုံး (သို့) သင့်ရဲ့ မော် တော်ယာဥ်တွေ/စက်ပစ္စည်း အစရှိတာတွေကနေ ဌားရမ်းခအ နေနဲ့ ၀င်ငွေတွေရနေတယ်ဆိုရင် အနာဂတ်မှာ ရလာမယ့် ဌားရမ်းခတွေနဲ့ ပတ်သတ်ပြီး အကျိုးကျေးဇူးတွေ ကို ဒီနေ့ပဲ ကိုယ်တိုင် ခံစားကြည့်လိုက်ပါ။ ဌားရမ်းခမှ ရရှိမည့် ငွေနဲ့ ပတ်သက်ပြီး ချေးငွေရယူနိုင်အောင် uab bank မှ ကူညီပေးသွား မည်ဖြစ်ပါသည်။
တန်ဖိုးလျော့ပြီး ရရန်ရှိပမာဏ၏ ၉၀% အထိ ချေးငွေ ခွင့်ပြုခြင်း
ချေးငွေပမာဏသည် ရရန်ရှိ တန်ဖိုး၏ ၈၀% ထက် ကျော်ခွင့် မရှိခြင်း
ချေးငွေသက်တမ်းအား သဘောတူဌားရမ်း စာချုပ် သက်တမ်း မကုန်မီ ကာလကိုအခြေခံ၍ သတ်မှတ်ခြင်း (အများဆုံး ၃နှစ်)
ငှားရမ်းခ ရမည့်ရက်စွဲပေါ်မူတည်၍ ငွေပေးချေမှုကို လ စဥ် (သို့) သုံးလ တစ်ကြိမ်(သို့) ခြောက်လတစ်ကြိမ် (သို့) နှစ်စဥ်ပေးချေခြင်း အစရှိသဖြင့် ပြန်လည်ပေးချေ နိုင်ခြင်း
- နာမည်ဂုဏ်သတင်းကောင်းမွန်သည့် ဌားရမ်းသူများသို့ ကား ၊ စက်ယန္တရား ကြီးများစသည်တို့အား အဌားချ ထား သည့် အဆင့်မြင့်ကားများနှင့် အကြီးစားစက်ပစ္စည်း ရောင်း၀ယ်သူများ
- နာမည်ဂုဏ်သတင်းကောင်းမွန်သည့် ဌားရမ်းသူများသို့ တိုက်ခန်း၊ ရုံးခန်း၊ အိမ်စသည်တို့အား အဌားချထားသည့် ပုဂ္ဂိုလ်များ (သို့) ကုမ္ပဏီများ
- အနာဂတ်ကာလအတွက် ဌားရမ်းခများ သတ်မှတ်ပေး ခြင်း
- ဌားရမ်းထားသော ပိုင်ဆိုင်မှုများကို အပေါင်ပစ္စည်း အနေ ဖြင့် လက်ခံပေးခြင်း
- လျှောက်လွှာပုံစံ
- မှတ်ပုံတင်မိတ္တူ - အတည်ပြုရန်အတွက် မူရင်း တင်ပြရပါမည်။
- လတ်တလောရိုက်ကူးထားသည့် ပတ်စ်ပို့ အရွယ်အစား ဓာတ်ပုံ
- အိမ်ထောင်စုစာရင်း မိတ္တူ
- ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံစာ
ဂ) ငှားရမ်းသူသည် အနာဂတ်ဌားရမ်းခအား ငွေချေးသူ၏ uab ဘဏ်စာရင်းထဲသို့ ပေးသွင်းရန် သဘောတူကြောင်း Domiciliation letter တင်ပြရန်
အတိုးနှုန်း | တစ်နှစ်လျှင် ၁၀% |
---|---|
သက်တမ်းမပြည့်မီ ပြန်လည် ပေးဆပ်သည့် ပေါ်တွင် ကောက်ခံမည့် အခကြေးငွေ | ချေးငွေသက်တမ်း၏ ပထမ (၂)နှစ် အတွင်း ပြန်လည် ပေးဆပ်ပါက ပြန်လည် ပေးဆပ်သည့် ပမာဏ ပေါ် တွင် (၃%)။ |
ချေးငွေသက်တမ်း ၏ (၃)နှစ် အ တွင်း ပြန်လည် ပေးဆပ်ပါက ပြန် လည် ပေးဆပ်သည့် ပမာဏ ပေါ် တွင် (၂%)။ | |
ချေးငွေသက်တမ်း၏ (၃)နှစ် နောက်ပိုင်းတွင်ပြန်လည်ပေးဆပ်ပါက ပြန်လည်ပေးဆပ် သည့် ပမာဏပေါ်တွင် (၁%)။ |