Rebuild Myanmar: Mandalay Quake Relief
Latest Updates >

Foundations – Flawless from Within

Glow Skin လေးနဲ့အတူ ယုံကြည်မှုအပြည့်နဲ့ အလှတရားအတွက် Serene Sovereign Foundation – Sand Tone

Serene Sovereign foundation ကတော့ သဘာဝ အသားအရည်ပေါ်မှာ တောက်ပတဲ့အလှကို ပေးစွမ်းစေပြီး မိတ်ကပ်သားနဲ့ မျက်နှာအသားအရည် တစ်ထပ်တည်းကျကာ လိမ်းထားမှန်း မသိသာအောင် ပေါ့ပါးနေစေမယ့် Serum Foundation တစ်မျိုးဖြစ်ပါသည်။
အသားအရည်ကို အားဖြည့်ပေးမယ့် ပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ပြုလုပ်ထားတာကြောင့် ရေဓာတ် မဆုံးရှုံးစေဘဲ အသားအရည်ကို ကျန်းမာစိုပြေစွာနဲ့ လှပနေချင်တဲ့ အမျိုးသမီးတိုင်း အသုံးပြုနိုင်ပါတယ်။
အရောင်: Sand (အသားလတ်သူများအတွက်)

Tagline: Serenity in every layer.

အသေးစိတ်ဖော်ပြချက်:

Medium Coverage, Natural matte finish ဖြစ်တာကြောင့် နေ့ရက်တိုင်း ယုံကြည်မှုအပြည့်နဲ့ လှပနေစေမှာပါ။

အကျိုးအာနိသင်များ:

  • အသားအရည်ကို ညီညာစေခြင်း
  • တစ်နေ့တာလုံး လိမ်းထားမှန်းမသိအောင် ပေါ့ပါးစေခြင်း
  • မိတ်ကပ်သားကြာရှည်ခံခြင်း

နူးညံ့သိမ်မွေ့တဲ့ အလှတရားအတွက် Elegant Grace Foundation – Ivory Tone

Unveil your softest glow.

Elegant Grace Foundation ဟာ အသားဖြူသူများနဲ့ ပိုမိုလိုက်ဖက်ပြီး Lightweight serum-infused foundation အမျိုးအစားဖြစ်ပါတယ်။ Natural finish ဖြစ်တာကြောင့် အကြည်ဓာတ်အပြည့်နဲ့ လှပစေပြီး အသားအရည် ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။

အရောင်:Ivory (ဖြူဝင်းတဲ့ အသားအရည်ပိုင်ရှင်များအတွက်)

Tagline: Elegance begins with grace.

အသေးစိတ်ဖော်ပြချက်:

အသားဖြူသူများအတွက် သင့်တော်ပြီး ပိုးသားကဲ့သို့ နူးညံ့ချောမွေ့တဲ့ အထိအတွေ့နဲ့ သဘာဝဆန်ဆန် တောက်ပတဲ့အလှကို ပေးစွမ်းနိုင်ပါတယ်။

အကျိုးအာနိသင်များ

  • လိမ်းထားမှန်းမသိသာအောင် ပေါ့ပါးခြင်း
  • ပိုကောင်းတဲ့ Coverage ရစေဖို့ တစ်လွှာချင်း လိုအပ်သလို လိမ်းနိုင်ခြင်း
  • သဘာဝအတိုင်း နူးညံ့သိမ်မွေ့တဲ့ အလှတရားကို ပိုင်ဆိုင်စေခြင်း

ယုံကြည်မှုအပြည့်နဲ့ မြင်သူတိုင်းငေးမယ့် အလှတရားအတွက် Radiant Empress Foundation – Mocha Tone

အသားညိုသူများအတွက် သင့်တော်တဲ့ Radiant Empress Foundation က Smoothing Serum Foundation အမျိုးအစားဖြစ်ပြီး Skincare အာနိသင်ကို ပေးစွမ်းတာကြောင့် တစ်နေ့တာလုံး တောက်ပဝင်းလတ်တဲ့ အသားအရည်လေးကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။

Shade: Mocha (အသားညိုသူများအတွက်)

Tagline: Glow like royalty.

အသေးစိတ်ဖော်ပြချက်

အသားညိုသူများအတွက် အထူးထုတ်လုပ်ထားတဲ့ ရေဓာတ်ဖြည့် Foundation ဖြစ်တာကြောင့် ပြီးပြည့်စုံတဲ့ အလှတရားကို ပိုင်ဆိုင်စေပြီး အသားအရည်ကို ဝင်းလတ်တောက်ပစေမှာပါ။

အကျိုးအာနိသင်များ

  • မိတ်ကပ်သား ညက်ညောခြင်း
  • ရေဓာတ်ဖြည့်ပေးခြင်း
    မိတ်ကပ်တစ်နေကုန် မကွက်စေဘဲ ကြာရှည်စွဲထင်စေခြင်း
  • ပါးပါးကြည်ကြည်လေးနဲ့ Coverage ပေးနိုင်ခြင်း