Rebuild Myanmar: Mandalay Quake Relief
Latest Updates >

update news 

Town Hall – RISE ABOVE

uab bank သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် e-Town Hall ကို Head Office, ဘဏ်ခွဲများနှင့် မြန်မာနိုင်ငံအတွင်းရှိ uabians ၁,၇၀၀ တို့ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ Head Office ရှိ uabians များသည် Times City ရှိ uab Tower ၂၃ လွှာတွင် စုဝေးခဲ့ကြပြီး ဘဏ်ခွဲများနှင့် အခြားသောသူများသည် online မှတစ်ဆင့် ပွဲကို တက်ရောက်ခဲ့ကြပါသည်။ 

Town Hall တွင် CEO ဖြစ်သူ Christopher Loh သည် ယခင်ဘဏ္ဍာရေးနှစ်တွင် ဘဏ်၏ လုပ်ငန်းဆောင်တာပြီးစီးအောင်မြင်မှုများနှင့် နောက်ဘဏ္ဍာရေးနှစ်အတွက် မဟာဗျူဟာအစီအစဥ်များကို ရှင်းလင်းပြခဲ့ပါသည်။

Town3

Town Hall တွင် ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကြွေလွင့်သွားကြသည့် uabians များကို သတိတရအရိုအသေပေးခဲ့ကြပြီး အဆိုပါကာလအတွင်း ကိုယ်ကျိုးစွန့်ကာကူညီခဲ့ကြသော uabians ၂၁ ယောက်ကို ဆုများပေးခြင်းဖြင့် ကျေးဇူးတင်ကြောင်းဖော်ပြခဲ့ကြပါသည်။ အဆိုပါသူတို့သည် ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း အောက်စီဂျင်အိုးများရှာပေးခြင်းနှင့် ဖြည့်ပေးခြင်း၊ အောက်စီဂျင် concentrator များပို့ဆောင်ပေးခြင်း၊ နေမကောင်းသူများအား ဆေးရုံသို့ပို့ဆောင်ပေးခြင်း နှင့် vaccine ထိုးရန်စီစဥ်ပေးခြင်းတို့အား ကိုယ့်အတွက်မငဲ့ဘဲ လုပ်ဖော်ကိုင်ဖက်များအတွက် လုပ်ဆောင်ပေးခဲ့ကြပါသည်။

မည်သည့်အခက်အခဲများကြားထဲတွင်မဆို RISE ABOVE ဖြစ်နိုင်ဖို့အတွက် သတ္တိရှိရှိလုပ်ဆောင်ခဲ့ကြသူများကို ကျေးဇူးတင်ရှိကြောင်းဖော်ပြခဲ့ကြပြီး လုပ်ဖော်ကိုင်ဖက်များအချင်းချင်း တစ်သားတည်းဖြစ်စေခဲ့သော၊ ကျေနပ်ပီတိဖြစ်ခဲ့ရသော ပွဲလေးတစ်ခုဖြစ်ခဲ့ပါသည်။

#uabbank #TownHall #ConnectCreateChange

#RISEABOVE

Town1 1024x768
Town2 1024x768
Town6 1024x768