Rebuild Myanmar: Mandalay Quake Relief
Latest Updates >

news

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေရန် လိုအပ်သောကြိုတင်ကာကွယ်မှုများဆောင်ရွက်ထားလျက် ရှိခြင်းနှင့် ဘဏ်ခွဲ ခေတ္တယာယီ ပိတ်သိမ်းခြင်း
ForCorona 1024x492
ချစ်ခင်လေးစားရပါသော customer များ နှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံရေးအတွက် ရန်ကုန်မြို့ရှိ အောက်ဖော်ပြပါ ဘဏ်ခွဲများကို COVID-19 ကာကွယ် တားဆီးရေးအရ ခေတ္တယာယီပိတ်ထားမည် ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
  • တောင်ဥက္ကလာ (သံသုမာ) ဘဏ်ခွဲ
  • တာမွေ ဘဏ်ခွဲ
  • မင်္ဂလာတောင်ညွှန့် (မြန်မာ့ဂုဏ်ရည်) ဘဏ်ခွဲ
သံသုမာ ဘဏ်ခွဲတွင် ဇွန်လ ၂၉ ရက်နေ့ (အင်္ဂါနေ့) အတွက် ရရှိထားသော Token များကို တောင်ဥက္ကလာပ မြို့နယ်ရှိ နန္ဒ၀န်စျေး ဘဏ်ခွဲတွင် သွား‌ရောက် ထုတ်ယူပေးကြပါရန် အကြောင်းကြား အပ်ပါသည်။
အထက်ဖော်ပြပါ ဘဏ်ခွဲများ၏ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များရှိသဖြင့် ရက်ပေါင်း (၁၄) ရက် ခေတ္တယာယီ ပိတ်ထားမည်ဖြစ်ပါသည်။ ချစ်ခင်လေးစားရသော customer များအားလုံး အဆင်မပြေမှုအတွက် အနူးအညွတ်တောင်းပန်ပါသည်။
အကူအညီရယူလိုပါက uab ၏ call center သို့ Facebook Messenger (သို့) ဖုန်းနံပါတ် +95 1 855 1335 ~ 42 သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။