Loan Against Listed Shares

အာမခံစာချုပ်များ နှင့် ရန်ကုန်စတော့အိတ်ချိန်း (YSX) ရှိ ရှယ်ယာများကို အပေါင်ထား၍ ချေးငွေကို ရယူနိုင်သည်။ ၎င်းချေးငွေသည် ပုဂ္ဂိုလ်ရေး (သို့) စီးပွားရေးလိုအပ်ချက်များ အတွက် အစုရှယ်ယာ ပိုင်ဆိုင်မှုပေါ်မူတည်ပြီး ခွင့်ပြုပေးထားခြင်းဖြစ်ပါသည်။

စျေးကွက်တွင် သတ်မှတ်ထားသည့် နှုန်းအတိုင်း ရှယ်ယာတန်ဖိုး၏ 50% အထိ ချေးငွေရယူနိုင်ပြီး၊ အကယ်၍ uab securities မှ ရှယ်ယာများ ဖြစ်ပါက ချေးငွေခွင့်ပြုချက်ကို ၃ ရက်အတွင်း ရယူနိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ တရား၀င် ခွင့်ပြုထားသည့် securities agent များမှ တစ်ဆင့် YSX listed shares များအား electronic form ဖြင့် ၀ယ်ယူ ထားပြီး ခိုင်မာသော ၀င်ငွေအရင်းအမြစ်ရှိသည့် ပုဂ္ဂိုလ်များမှ ချေးငွေလျှောက်ထားနိုင်ပါသည်။

အာမခံအနေဖြင့် YSX တွင် electronic form ဖြင့် ဖော်ပြထားသော ရှယ်ယာများ / စာချုပ်များကို ပေးအပ်ရန်လိုအပ်ပါသည်။

  • Security trading company မှ အသိအမှတ်ပြု လက်မှတ် ကိုင်ဆောင်ထားသူ။
  • ငွေချေးယူ၏ ချေးငွေ လျှောက်လွှာ နှင့် KYC document များ။
  • ချေးငွေပြန်လည်ပေးဆပ်နိုင်ကြောင်း ခိုင်လုံသည့်၀င်ငွေ အထောက်အထား။
 
အတိုးနှုန်း Term Loan – 12.50%p.a
Overdraft – 11.50% p.a
ဝန်ဆောင်ခ Overdraft အတွက် ၁%
ကတိခံကြေး သုံးစွဲမှု ၈၀% အောက်လျော့နည်းပါက ၁.၀၀ %
သက်တမ်းတိုးကြေး ကောက်ခံပါမည်