Rebuild Myanmar: Mandalay Quake Relief
Latest Updates >

update news

Orientation Session Batch 1

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၄ရက်၊ ၁၅ ရက်နှင့် ၁၆ရက်နေ့တို့တွင် uab ဘဏ်ခွဲနှင့် ရုံးချုပ်တွင် uabians များအဖြစ် အသစ်ဝင်ရောက်လာသူ ၄၅ ယောက်အတွက် Orientation session ကို Times City ရှိ uab Tower တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မနှစ်က Orientation session ကို ၂၀၂၀ ခုနှစ်မှ ကျင်းပခဲ့တာ ယခုဆို ၁ နှစ်ပြည့်ခဲ့ပါပြီ။ COVID-19 ကပ်ရောဂါဆိုးကြီး၏ ဒုတိယလှိုင်း၏ ရိုက်ခတ်မှုနှင့် နိုင်ငံရေးအခြေအနေများအရ ရပ်နားခဲ့ရတာ ကြာခဲ့ပြီး အခုမှ ကျွန်တော်တို့၏ Orientation Session ကို ပြန်လည် စတင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ဤ Orientation session မှတစ်ဆင့် uabians community ထဲတွင် အသစ်ဝင်ရောက်လာသူများ အတွက် လိုအပ်သည့်ကြိုဆိုမှုများရှိရန် အရေးကြီးပါသည်။ ပြုလုပ်ပေးခဲ့သော sessions များမှတစ်ဆင့် လည်း ဘဏ်လုပ်ငန်းခွင်အတွက် အသုံးဝင်မည့် အခြေခံအုတ်မြစ်များ ချပေးနိုင်မည်ဟု ယုံကြည်ပါသည်။

Orientation2

ဝန်ထမ်းများ၏ engagement အတွက် အားကြိုးမာန်တက် ဝိုင်းဝန်းကူညီပေးကြသော Management Team နှင့် စီစဉ်တင်ဆက်ပေးတဲ့ အဖွဲ့သားများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါသည်။

Christopher Loh (CEO), မကျော့ကေခိုင် (Dy CEO), George Koshy, မသန္တာထိုက်, ကိုပြည့်ဖြိုးကျော်၊ မနီနီလွင်၊ မခင်အေးမာ၊ မယဥ်သွယ်ဌေး၊ မဥ္ဇူသင်း၊ ကိုနေမျိုးဦး၊ မမေသန္တာလှိုင်၊ ကိုဌေးကျော်နိုင်၊ မဇာလင်းကြည်၊ မအေးသီတာလွင်၊ ဦးသီဟ နှင့် တကွ Human Resources အဖွဲ့သားအားလုံးကို ဤ session လေးအတွက် စိတ်ဝင်စားဖွယ် ဆွေးနွေးမှုများ၊ အကျိုးရှိသောသင်ယူမှုများရရှိအောင် ဖန်တီးပေးတာကြောင့် ကျေးဇူးအထူးတင်ရှိပါသည်။ အသစ်ဝင်ရောက်လာသူများအားလုံးကိုလည်း အထူးဂုဏ်ယူပါသည်။ အခုလို ဝင်ရောက်ပူးပေါင်းပေးကြတဲ့အတွက် ပျော်ရွှင်ဝမ်းသာရပါသည်။

#uabbank #orientation

Orientation1 1024x682
Orientation3 1024x682
Orientation4 1024x682