Rebuild Myanmar: Mandalay Quake Relief
Latest Updates >

update news

Continuous Learning – Directors Training and Orientation

ကျွန်တော်တို့ရဲ့ စဥ်ဆက်မပြတ်သင်ယူမှုအတွက် “Directors Training and Orientation” ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ (၂၅) ရက်နေ့နှင့် (၂၆) ရက်နေ့တို့တွင် ဒါရိုက်တာအသစ်များအား ဘဏ်၏ ဖွဲ့စည်းပုံများနှင့် မူဝါဒများကိုပိုမို သိရှိနားလည်စေရန်အတွက်ရည်ရွယ်၍ ပြုလုပ်ခဲ့ပါသည်။ ဘဏ်မှလည်း စဥ်ဆက်မပြတ်သင်ယူမှုသည် အပြောင်းအလဲများအပေါ်တွင်တွေ့ကြုံလာနိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက်သာမက ဘဏ်၏ ကြီးကြပ်ရေးတာဝန်များကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရန်အတွက် အရေးပါသောကြောင့် “Directors Training and Orientation” ကို ပြုလုပ်ခဲ့ရခြင်းဖြစ်ပါသည်။

Directors Training and Orientation 1024x536

စဥ်ဆက်မပြတ်သင်ယူခြင်းသည် ကျွန်တော်တို့ ဘဏ်ဝန်ထမ်းများသာမက BOD အဖွဲ့ဝင်များအပါအဝင် uabians အားလုံးအတွက် အရေးပါသောလုပ်ငန်းစဥ်ဖြစ်ပါသည်။

တက်ရောက်ခဲ့ကြသော BOD အဖွဲ့ဝင်များနှင့် ဌာနအကြီးအကဲများအားလုံးကို ကျေးဇူးအထူးတင်ရှိ‌ကြောင်းပြောကြားလိုပါသည်။

#uabbank #DirectorsTrainingAndOrientation #ContinuousLearning