Rebuild Myanmar: Mandalay Quake Relief
Latest Updates >

Careers / uab ဘဏ်၏ ဘဝအကြောင်း..

uab ဘဏ်၏ ဘဝအကြောင်း..

မြန်မာနိုင်ငံကို ဉီးဆောင်နေသော ဘဏ်များထဲမှ တစ်ခုဖြစ်သော uab သည် အထောက်ပံ့ရှိသော၊ အားလုံးပါဝင်နိုင်သော ပတ်ဝန်းကျင်မှာ မိမိတို့ရဲ့ အသက် မွေးဝမ်းကြောင်းအလုပ်အကိုင်ကိုကျေနပ် ဖွယ်တိုးတက်ဖို့အတွက် အခွင့်အလမ်းတွေပေးအပ်လျှက်ရှိပါတယ်။ ကျွန်ပ်တို့အနေဖြင့် နောက်ခံ အခြေအနေ မည်သို့ပင်ရှိပစေ မိမိတို့၏စွမ်းဆောင်ရည်ကို အပြည့်အဝဖော်ထုတ် အသုံးချနိုင်သည့် နေရာတစ်ခုအဖြစ်ရည်ရွယ်ထားပါသည်။

၂၀၁၀ ပြည့်နှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ယခုအခါ Customer များအား မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့နယ် ၅၅ မြို့နယ်တွင် ဘဏ်ခွဲပေါင်း ၈၅ ကျော်ဖြင့် ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

Work life balance1 1024x682

uab သည် customer များ၏ လိုအပ်ချက်နဲ့ အညီ Consumer Banking ၊ Premier Banking ၊ SME Banking ၊ Corporate Banking ၊ Trade Finance နှင့် Treasure Servicesစသည့် အဓိကကျသော ဘဏ်လုပ်ငန်း ၀န်ဆောင်မှုများအား စနစ်တကျ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။ uab ၏ လုပ်ငန်းခွဲဖြစ်သည့် uab securities မှတဆင့်လည်းCorporate and Financial ၊ Advisory Investment Banking နှင့် Capital Market ဆိုင်ရာ ၀န်ဆောင်မှုများအာ; လက်ခံဆောင်ရွက်ပေးလျက်ရှိနေပါသည်။

Diversity inclusion1 1024x682

မိမိတို့၏ customer များနှင့် ဈေးကွက်တို့အတွက် အတွေးအခေါ်အသစ်များနှင့် အခွင့်အလမ်းများကို ဖန်တီးပေးနိင်ရန်အလို့ဌာ မြန်မာနိုင်ငံ၏ဘဏ်လုပ်ငန်းကို ဆန်းသစ်တီထွင်ရန်နှင့် ပြန်လည်အဓိပ္ပယ် ဖွင့်ရန်မျှော်လင့်လျှက်ရှိပါသည်။ကျွန်ပ်တို့၏ “Be The Change Myanmar” အစီစဉ်မှတဆင့်လူ အများကိုအချင်းချင်းအပြန်အလှန်ကူညီခြင်းဖြင့် ကမ္ဘာကိုပိုမိုကောင်းမွန်သော နေရာတစ်ခုဖြစ်လာ စေရန်နှင့် မိမိတို့ဝန်ဆောင်မှုပေးလျှက်ရှိသော လူမှုအသိုင်းအဝန်းကြားတွင် ပါဝင်လာစေရန်တို့ အတွက် အားပေးလျှက်ရှိပါသည်။

“Be The Change Myanmar” ကလေးသူငယ်များနှင့် အမျိုးသမီးများအား ထောက်ပံ့ရန် ရည်ရွယ်တည်ဆောက်ထားသော Program တစ်ခုဖြစ်ပါသည်။

uab ဘဏ်တွင် လေ့လာသင်ယူမှုသည် စဉ်ဆက်မပြတ် လုပ်ဆောင်နေသော အရာတစ်ခုဖြစ်ပါသည်။ ကျွန်ပ်တို့သည်သင်ယူ လေ့လာမှုကိုစိတ်အားထက်သန်ပြီး ပြောင်းလဲနေသော ကမ္ဘာကြီးနှင့်လိုက်လျောညီထွေမှုရှိရန်ကကြိုးစားဆောင်ရွက်လိုသည့် စိတ်ဓာတ်ရှိသော သူများကိုရှာဖွေနေပါသည်။ ပုံမှန်လေ့ကျင့်ခြင်းမှသည် လုပ်ငန်းခွင် အတွေ့ကြုံနှင့် လမ်းညွှန်ပြသခြင်းအထိ အမျိုးမျိုးသော ကျွမ်းကျင်မှုအသစ်များကိုလေ့ကျင့်ရန်နှင့် ဆည်းပူးရန်အတွက် မရေမတွက်နိင်သော အခွင့်အလမ်းများကို တွေ့ရှိရမှာဖြစ်ပါသည်။ 

customer များနှင့်တိုက်ရိုက်ပြောဆိုဆက်ဆံရသော ဘဏ်ခွဲများ၊ call center ၊ Sale Teams များတွင် လုပ်ကိုင်ကြသူများ သို့မဟုတ် လူစွမ်းအားအရင်းအမြစ် ၊ နည်းပညာ၊ စာရင်းစသည့်စီးပွားရေးလုပ်ငန်းကို ထောက်ပံ့ပေးရသည် နေရာများမှာအလုပ် လုပ်ကိုင်ကြသောသူများဖြစ်စေ uab ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် မြန်မာနိုင်ငံတွင်အပြောင်းလဲတစ်ခုဖန်တီးနိုင်ရန် အတွက်ခိုင်ခိုင်မာမာပါဝင်ဆောင်ရွက်ပေးလိုသော ရည်မှန်းချက်ကြီးမားသောလူများကို uab မှ ရှာဖွေလျှက်ရှိပါသည်။ တီထွင်ဖန်တီးမှုသည် uab bank ၏ အဓိက အစိတ်အပိုင်းဖြစ်ပါသည်။ တိုးတက်မှုများကိုယူဆောင်လာရန်၊ ပြဿနာများ ကိုဖြေရှင်းရန်နှင့်ဘဏ်လုပ်ငန်းကိုလွယ်ကူချောမွေ့စေရန်လက်တွေ့ကျသောနည်းလမ်းများကိုအမြဲတမ်းရှာဖွေလျှက်ရှိပါသည်။customer များနှင့်တိုက်ရိုက်ပြောဆိုဆက်ဆံရသော ဘဏ်ခွဲများ၊ call center ၊ Sale Teams များတွင် လုပ်ကိုင်ကြသူများ သို့မဟုတ် လူစွမ်းအားအရင်းအမြစ် ၊ နည်းပညာ၊ စာရင်းစသည့်စီးပွားရေးလုပ်ငန်းကို ထောက်ပံ့ပေးရသည် နေရာများမှာအလုပ် လုပ်ကိုင်ကြသောသူများဖြစ်စေ uab ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် မြန်မာနိုင်ငံတွင်အပြောင်းလဲတစ်ခုဖန်တီးနိုင်ရန် အတွက်ခိုင်ခိုင်မာမာပါဝင်ဆောင်ရွက်ပေးလိုသော ရည်မှန်းချက်ကြီးမားသောလူများကို uab မှ ရှာဖွေလျှက်ရှိပါသည်။ တီထွင်ဖန်တီးမှုသည် uab bank ၏ အဓိက အစိတ်အပိုင်းဖြစ်ပါသည်။ 

တိုးတက်မှုများကိုယူဆောင်လာရန်၊ ပြဿနာများ ကိုဖြေရှင်းရန်နှင့်ဘဏ်လုပ်ငန်းကိုလွယ်ကူချောမွေ့စေရန်လက်တွေ့ကျသောနည်းလမ်းများကိုအမြဲတမ်းရှာဖွေလျှက်ရှိပါသည်။

Rise above

uab Rise Above - moving into uab Tower

2019ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့တွင် uabians များသည် Times City မှာရှိသည့် uab တာဝါ တွင်ရှိသည့် ရုံးအသစ်ဆီသို့ ပြောင်းရွှေ့ချီတက်ခဲ့ကြပါသည်။