Rebuild Myanmar: Mandalay Quake Relief
Latest Updates >

update news

Whistleblower Protection Policy

Whistle blower 1024x1024

uab ဘဏ်တွင် Whistleblower Protection Policy ကို 2016 ခုနှစ်မှ စတင်၍ အကောင်အထည် ဖော်ခဲ့ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ ကျွန်ုပ်တို့သည် အမြင့်ဆုံးသော ကျင့်ဝတ်စံနှုန်းများကို ထိန်းသိမ်းကာ တာဝန်ခံမှု နှင့် ယဉ်ကျေးမှုကို မြှင့်တင်ရန် ကတိပြုပါသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းများ သို့မဟုတ် Customer များသည် မှားယွင်းသောအပြုအမူများကို သတိပြုမိပါက သို့မဟုတ် ကျွန်ုပ်တို့၏အဖွဲ့အစည်းအတွင်း အမှားအယွင်းတစ်စုံတစ်ရာအတွက် စိုးရိမ်စရာများရှိနေပါက မကြောက်ရွံ့ဘဲ ကျွန်ုပ်တို့ထံ တိုင်ကြားနိုင်ပါသည်။

လုံခြုံသော Channel နှစ်ခုမှတဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်ခြင်းဖြင့် သင်၏ စိုးရိမ်မှု သို့မဟုတ် တိုင်ကြားမှုများကို လျှို့ဝှက်စွာ မျှဝေနိုင်ပါသည်။

တိုက်ရိုက်အီးမေးလ်ပေးပို့ရန်: [email protected] SMS မတ်ဆေ့ပေးပို့ရန်: 09880911271

ကျွန်ုပ်တို့သည် သင်၏ယုံကြည်မှုကို တန်ဖိုးထားကာ မည်သည့်ပြဿနာများကိုမဆို သင့်လျော်စွာ ဖြေရှင်းပြီး Whistleblower ၏ အထောက်အထားနှင့် တိုင်ကြားမှုများကို လုပ်ငန်းစဉ်တစ်လျှောက်လုံး ကာကွယ်ထားမည်ဖြစ်ပါသည်။

Whistleblower Protection Policy အကြောင်း ပိုမိုလေ့လာရန် www.uab.com.mm/governance/governing-policies သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိသော ပတ်ဝန်းကျင်တစ်ခုတည်ဆောက်ရာတွင် ဆက်လက်ပံ့ပိုးထောက်ခံမှုအတွက် အားလုံးကိုကျေးဇူးတင်ပါသည်။

#WhistleblowerProtection #Integrity #Accountability