၂။ လျှောက်ထားသူ၏ကိုယ်ရေးအချက်အလက်
လက်ရှိနေရပ်လိပ်စာ
အမြဲတမ်းနေရပ်လိပ်စာ
ဆက်သွယ်ရန်ဖုန်းနံပါတ်
အလုပ်လိပ်စာ
အထက်ပါလျှောက်လွှာတွင် ဖြည့်စွက်ခဲ့သော အချက်အလက်အားလုံးသည် မှန်ကန်တိကျ ပြည့်စုံပြီး ထိန်ချန်ထားခြင်းမရှိကြောင်းနှင့် အဆိုပါအချက်လက်များတစ်စုံတရာ ပြောင်းလဲ ခဲ့ပါက uab securities Limited သို့ ချက်ချင်းအကြောင်းကြားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၊ ရန်ကုန် စတော့အိပ်ချိန်း၊ uab securities Limited နှင့် အခြားအစိုးရအာဏာပိုင် အဖွဲ့အစည်းများမှ ချမှတ်ထားသော စည်းမျည်းစည်းကမ်း၊ ဥပဒေဿများနှင့် တကွ အခြားသတ်မှတ်ချက်များကို မျက်မှောက်ကာလတွင် သာမက အနာဂတ်ကာလတွင်ပါ လိုက်နာပါမည်ဟု သဘောတူလက်ခံပါသည်။
uab securities Limited အနေဖြင့် ဘဏ္ဍာရေးအဖွဲ့အစည်း (သို့) သက်ဆိုင်ရာ အစိုးရ အာဏာပိုင် အဖွဲ့အစည်းများမှ ချမှတ်ထားသော သက်ဆိုင်ရာ ဥပဒေ၊ စည်းမျည်း စည်းကမ်းများနှင့် အသိပေးချက်များကို အထက်ပါလျှောက်လွှာတွင် ကျွန်ုပ်အား အသိပေးပြီး ဖြစ်ကြောင်းကို နားလည်လက်ခံပါသည်။ uab securities Limited ၏ ငွေချေးသက်သေခံ လက်မှတ် ရောင်းဝယ်ခြင်းဆိုင်ရာ စည်းမျည်းစည်းကမ်းများတွင် ဖော်ပြထားသော ငွေချေး သက်သေခံလက်မှတ်များအား ကိုင်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း များတွင် ဆုံးရှုံးနိုင်ချေ များအား သက်ဆိုင်ရာ ဝန်ထမ်းများမှ အသိပေးပြီးဖြစ်ကြောင်းကို နားလည်လက်ခံပါသည်။
ငွေချေးသက်သေခံလက်မှတ်များ အရောင်းအဝယ် ပြုလုပ်ရန်အတွက် စာရင်းဖွင့်လှစ်ရာတွင် uab securities Limited အား ကိုယ်စားလှယ်/အကျိုးဆောင်အဖြစ် ခန့်အပ်ထားခြင်း အားသဘောတူလက်ခံပါသည်။ uab securities Limited အား အရောင်းအဝယ် ကိုယ်စားလှယ်/အကျိုးဆောင်အဖြစ် ခန့်အပ်ရာ၌ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ခြင်းဆိုင်ရာ စည်းမျည်းစည်းကမ်းများအား သဘောတူလက်ခံပါသည်။