Rebuild Myanmar: Mandalay Quake Relief
Latest Updates >

update news

ဖောင်တော်ဦး စာသင်တိုက်သို့ ကွန်ပျူတာများ လှူဒါန်းခြင်း

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၉ရက်နေ့ တွင် Be The Change Myanmar အစီအစဥ်ဖြင့် uab foundation မှ ကွန်ပျူတာ များကို မန္တလေးရှိ ဖောင်တော်ဦး စာသင်တိုက်သို့ လှူဒါန်းခဲ့ပါသည်။

ရန်ကုန်နှင့် မန္တလေးရှိ ဘုန်းကြီးကျောင်း စာသင်တိုက် ၂ ခုအား ထောက်ပံ့ကူညီပေးနေသည့် NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Monastic Education Development Group ၏ အကူအညီဖြင့် ယခု အလှူဒါနလေးကို လုပ်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။

ယူအေဘီ ဘဏ်သည် ၁၁နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၆ရက်နေ့ တွင် ကျင်းပသွားမည်ဖြစ်ပြီး ဒီနှစ်မှာတော့ ၎င်း၏ နှစ်ပတ်လည်နေ့ကို အထိမ်းအမှတ်ပြုရန် ဘဏ် သည် Corporate Social Responsibility နှင့် ပတ်သတ်သည့် အစီအစဥ်များကို အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

COVID 19 ကပ်ရောဂါကြီး ဖြစ်ပွားနေစဥ်ကာလအတွင်း ကျွန်တော်တို့၏ လူမှုပတ်ဝန်းကျင်အား အထောက်အကူပြုနိုင်ရန်အတွက် uab foundation မှ ဦးဆောင်၍ partners များနှင့် အတူ ရန်ကုန်မြို့တွင် လာမည့်အပတ်များ၌ ခေတ်မီသော အောက်စီဂျင်စက်ရုံအား တည်ထောင်သွားမည် ဖြစ်ပြီး ဤအကြောင်းအရာနှင့်ပတ်သက်၍လည်း ကြေညာချက်များလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

Viber image 2021 08 11 10 23 56 226 1024x1024

#uabfoundation #uabbank 

#humanisingbanking #bethechangemyanmar #donation