လုပ်ဆောင်ချက်များ
- အတိုးမရှိနိုင်သော အမျိုးအစားဖြစ်ပါသည်။
- ကျန်ရှိရမည့် လက်ကျန်ငွေ ပမာဏမှာ ၁,၀၀၀ ကျပ် ဖြစ်ပါသည်။
- ဖွင့်လှစ်နိုင်သည့် ငွေကြေးအမျိုးအစားများမှာ - မြန်မာကျပ်ငွေ ၊ USD ၊ EURO နှင့် SGD တို့ဖြစ်ပါသည်။
- တစ်ဦးချင်းသော်လည်းကောင်း ၊ တွဲဖက်၍သော်လည်းကောင်း ဖွင့်လှစ်နိုင်ပါသည်။
- ချက်စာအုပ်ရရှိနိုင်မည် ဖြစ်ပါသည်။
စာရင်းဖွင့်လှစ်ရာတွင် လိုအပ်ချက်များ
- တစ်ဦးချင်း ( မြန်မာနိုင်ငံသား (သို့မဟုတ်) နိုင်ငံရပ်ခြားမှ လာရောက်အလုပ်လုပ်ကိုင်နေသော နိုင်ံငံခြားသားများ ) အသက် (၁၈) နှစ်အထက် ရှိရမည်ဖြစ်ပြီး နိုင်ငံသားစီစစ်ရေး ကတ် (သို့) တရား၀င် နိုင်ငံကူးလက်မှတ် ရှိရပါမည်။
- မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီဖြစ်ရပါမည်။
- Email နှင့် မိုဘိုင်းဖုန်းနံပါတ် / ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ ရှိရပါမည်။
- နေထိုင်ခွင့် အထောက်အထား / ရုံးလိပ်စာ တင်ပြနိုင်ရပါမည်။
အကျိုးခံစားခွင့်များ
- ပုံမှန် ငွေပေးချေမှုများနှင့် ရရန်ရှိသော ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်များအတွက် အဆင်ပြေ လွယ်ကူချောမွေ့ စွာ ဆောင်ရွက်နိုင်ခြင်း။
- ပြဌာန်းထားသည့် သက်ဆိုင်ရာ စည်းမျဥ်းများနှင့်အညီ မည်သည့်ငွေပမာဏမဆို အချိန်မရွေး ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ခြင်း။
- Sai Sai Pay, uabpay+ များမှတစ်ဆင့် ငွေစာရင်းတစ်ခုမှ အခြားတစ်ခုသို့ ငွေလွှဲပြုလုပ်နိုင်ခြင်း။
- မိုဘိုင်း application, online banking များမှတစ်ဆင့်လည်း အသုံးပြု ဆောင်ရွက်နိုင်ခြင်း။
- ငွေသားအစား Cheque စာအုပ်ဖြင့် ငွေသွင်းငွေထုတ်လွယ်ကူစွာအသုံးပြုနိုင်ရန်အတွက် Cheque စာအုပ် ထုတ်ပေးခြင်း။