Rebuild Myanmar: Mandalay Quake Relief
Latest Updates >

အပ်ငွေ

Deposits

Corporate လုပ်ငန်းများအတွက် Cash Management နှင့် စာရင်းရှင်အပ်ငွေစာရင်း ၊ ခေါ်ယူအပ်ငွေ စာရင်းနှင့် စာရင်းသေအပ်ငွေ စာရင်း ပြုလုပ်ခြင်းစသည့် စာရင်းထိန်းသိမ်းခြင်း ဝန်ဆောင်မှုများကို များကိုလည်း လုပ်ဆောင်ပေးလျှက်ရှိပါသည်။

uab သည် အဆိုပါအပ်ငွေစာရင်းများအတွက် ရွေးချယ်ရန် ငွေကြေးအမျိုးအစား (Currency) အမျိုးမျိုး ပေးထားပါသည်။ 

စာရင်းရှင် အပ်ငွေစာရင်း

ငွေအသွင်းအထုတ်များပြီး လစဥ် ငွေပေးချေမှုများပြုလုပ်ရန်လိုအပ်သော စီးပွားရေးလုပ်ငန်းများအတွက် စာရင်းရှင်အပ်ငွေစာရင်းများအား နေ့စဉ်သုံး ငွေပေးငွေယူစာရင်းတစ်ခုအဖြင့် ဝန်ဆောင်မှု ရယူနိုင်ပါသည်။ 

ဝန်ဆောင်မှုရယူနိုင်သော ငွေကြေးအမျိုးအစားများမှာ MMK၊ USD၊ EURO နှင့် SGD တို့ ဖြစ်ပါသည်။

Super Call Deposit Account

ခေါ်ယူအပ်ငွေစာရင်းဖွင့်ထားခြင်းဖြင့် နေ့စဉ်ငွေလက်ကျန်များမှအတိုးရရှိသောအခွင့်အရေးကိုရယူနိုင်ပါသည်။ အဆိုပါစာရင်းအမျိုးအစားသည် နေ့စဥ်စာရင်းလက်ကျန်ငွေများမှအတိုးနှုန်းရသည့်အတွက်စီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိစေသည့်အပြင် မိမိငွေကြေးများအားချက်ချင်းလက်ငင်းချိတ်ဆက်အသုံးပြုနိုင်ပါသည်။

စာရင်းသေ အပ်ငွေ

Corporate များ၏ပိုလျှံငွေများပေါ်မှတဆင့် အကျိုးအမြတ်အမြင့်ဆုံးရရှိရန်အတွက် ရက်ပေါင်း ၃၀ မှ ၃၆၅ ရက်အထိ သက်တမ်းအမျိုးမျိုးထားရှိနိုင်သည့် စာရင်းသေအပ်ငွေ များကို MMK သို့မဟုတ် USD ဖြင့် ထားရှိနိုင်ပါသည်။

 

Related Services
Trade loan 0 1

ကုန်သွယ်ရေးချေးငွေ