Hedging

Hedging 1
Hedging Services 

နိုင်ငံခြားငွေကြေး တန်ဖိုးမတည်ငြိမ်မှုများကြောင့် ဖြစ်‌ပေါ်နိုင်သော အန္တရာယ်များကို အနည်းဆုံးထိလျှော့ချရန်နှင့် အကျိုးကျေးဇူးများ ရရှိစေရန်ကူညီပေးသည့် ဝန်ဆောင်မှုဖြစ်ပါသည်။ ကျွမ်းကျင်သောအဖွဲ့မှ ဝန်ဆောင်မှုများနှင့်ပက်သက်၍ ပိုမိုနားလည်စေရန်နှင့် ငွေကြေးဆုံးရှုံးမှုများကို ကာကွယ်နိုင်ရန်အတွက် အကူအညီ ပေးနေပါသည်။  

FX Forward

မြန်မာကျပ်ငွေဖြင့် နိုင်ငံခြားငွေဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်းကို ကြိုတင်သဘောတူထားသောနှုန်းဖြင့် သတ်မှတ်သည့်နေ့ရက်တွင် အ‌ရောင်းအ၀ယ်ပြုလုပ်ရန် နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခြင်းဖြစ်သည်။

Cross Currency Swap 

Cross Currency Swap တွင် ကျပ်ငွေနှင့်နိုင်ငံခြားငွေကြေးများအပြီးတိုင် ရောင်းချလဲလှယ်ခြင်းမရှိသော်လည်း ဘဏ်နှင့် customer အကြား သက်ဆိုင်ရာငွေကြေးများအတွက် အတိုးနှုန်းများသတ်မှတ်၍ ခေတ္တဖလှယ်သုံးစွဲခြင်းဖြစ်သည်။ ဤအချက်သည် စျေးကွက်ပေါက်စျေးနှင့် မိမိမူရင်းငွေကြေးတစ်ခုသို့ ပြန်လည်လဲလှယ်ရာတွင် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုမှ customer ကိုကာကွယ်ပေးသည်။သတ်မှတ်နေ့ရက်တွင် ကြိုတင်သဘောတူထားသည့်အတိုးနူန်းနှင့်တကွ ပေးချေ၍ မိမိမူလငွေကြေးကိုအတိုးနှင့်တကွ ပြန်လည်ရယူနိုင်သော သဘောတူညီချက် ဖြစ်ပါသည်။