Rebuild Myanmar: Mandalay Quake Relief
Latest Updates >

update news

“AMCHAM CSR Excellence (ACE) Recognition” – from the American Chamber of Commerce in Myanmar (AMCHAM)

CSR Award 1536 640 1024x427

uab bank အနေဖြင့် AMCHAM Myanmar မှ ပေးအပ်သော AMCHAM CSR Excellence (ACE) အသိအမှတ်ပြုဆုကို ရရှိခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူမိပါသည်။

AMCHAM CSR Excellence (ACE) အသိအမှတ်ပြုဆုသည် မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့သော လူမှုအကျိုးပြုလုပ်ငန်းများ ပြုလုပ်ထားသည့် AMCHAM Myanmar ၏ အသင်းဝင်ကုမ္ပဏီများကို အသိအမှတ်ပြုသော အစီအစဥ် ဖြစ်ပါသည်။

ကျွန်ုပ်တို့ uab bank ၏ ရည်ရွယ်ချက်မှာ လူထုအကျိုးပြု ဘဏ်လုပ်ငန်းဖြစ်လာစေရန် အလို့ငှာ နှင့် မြန်မာနိုင်ငံ၏ လူမှုဘဝ တိုးတက်စေရန်အတွက် ထိရောက်ပြီး ရေရှည်တည်တံ့သော လူမှုအကျိုးပြုလုပ်ငန်းအစီအစဥ်များ ပိုမို အကောင်အထည်ဖော်ကာ ဆောင်ရွက်သွားရန်ဖြစ်သည်။ ထို့အတူပင် ကျွန်ုပ်တို့ uab bank သည် ဦးဆောင်ပြောင်းလဲမှုနှင့် လူထုအကျိုးပြုဘဏ်လုပ်ငန်းဖြစ်စေရန် မြန်မာ့စီးပွားရေးလုပ်ငန်းများကို အမေရိကန်စီးပွားရေးလုပ်ငန်းများ နှင့် ချိတ်ဆက်ပူးပေါင်း၍ လုပ်ငန်းအဆင့်အတန်း တိုးတက်မြင့်မားအောင် ဆောင်ရွက်သွားပါမည်ဟုလည်း ရည်ရွယ်ထားပါသည်။

ယခုလို အသိအမှတ်ပြုမှုအတွက် uab bank မှ AMCHAM MYANMAR အား အထူးပင်ကျေးဇူးတင်ရှိပြီး နောင်အနာဂတ်တွင်လည်း မြန်မာနိုင်ငံတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းနှင့် လူထုအကျိုးပြုလုပ်ငန်းများအား အတူတကွလုပ်ဆောင်သွားလိုပါသည်။

Learn More about AMCHAM MYANMAR: https://www.amchammyanmar.com/