Rebuild Myanmar: Mandalay Quake Relief
Latest Updates >
Media Release

ဆန်လှူဒါန်းပွဲအား uab bank ၏ (၁၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝှမ်းကျင်းပ

ရန်ကုန်၊ (၂၀၂၃) ခုနှစ်၊ သြဂုတ်လ၊ (၁၆) ရက် - Euromoney မှ ချီးမြှင့်ထားသည့် Myanmar’s Best Bank 2022 နှင့် Global Finance မှ Best Bank 2023 ဆုချီးမြှင့်ထားသည့် uab bank ၏ (၁၃) နှစ်ပြည့်အထိမ်းအမှတ်အား ဂုဏ်ယူစွာကျင်းပခဲ့ပါသည်။ (၁၃) နှစ်ပြည့်မြောက်ခြင်းကို မှတ်ကျောက်တင်နိုင်စေရန်အတွက် ဆန်လှူဒါန်းပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိလိုအပ်သည့် မိသားစုများကို ပေးအပ်ခဲ့ပါသည်။

(၂၀၂၃) ခုနှစ်၊ သြဂုတ်လ၊ (၁၁) ရက်နေ့တွင် ပဲခူးမြို့ရှိ ရေဘေးသင့်ဒေသများကိုလည်း ဆန်အိတ်များ လှူဒါန်းခဲ့သည့်အပြင် (၂၀၂၃) ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ နေရာပေါင်း (၉၀) ကျော်တွင်လည်း လှူဒါန်းမှုများပြုလုပ်ခဲ့ပါသည်။ ယခုလို လှူဒါန်းမှုကြောင့် မိသားစုပေါင်းများစွာကို ကူညီ‌နိုင်ခဲ့သည့်အပြင် uab bank ၏ လိုအပ်သူများကိုအစဥ်အမြဲထောက်ပံ့ပေးမည့်ဆိုသည့် ကတိကဝတ်ကို စောင့်တည်ခြင်းပင်ဖြစ်ပါသည်။ (၂၀၂၃) ခုနှစ်၊ သြဂုတ်လ၊ (၁၆) ရက်နေ့တွင် uab bank ၏ Head Office တည်ရှိရာ Times City တွင်လည်း uab ဝန်ထမ်းပေါင်း (၆၀၀) ကျော်စုဝေးပြီး ကမာရွတ်မြို့နယ်အတွင်းရှိ လိုအပ်သူများအတွက် ဆန်အိတ်များပေးအပ်လှူဒါန်းခြင်းဖြင့် ပံ့ပိုးကူညီခဲ့ပါသည်။

မြန်မာလူမျိုးများအတွက် ဆန်တစ်စေ့ဟာ အလွန်တန်ဖိုးရှိပြီး အိမ်ထောင်စုတိုင်းအတွက် လိုအပ်သည့်အရာပင်ဖြစ်သည်။ ထို့ကြောင့် uab ဘဏ်သည် (၁၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စုစုပေါင်း ဆန်အိတ် (၄၀,၀၀၀) လှူဒါန်းကာ တစ်မူထူးခြားသည့်လုပ်ဆောင်ချက်တစ်ခုအနေဖြင့် လိုအပ်သူများကို ကူညီပေးခဲ့ပါသည်။ uabian များအနေဖြင့်လည်း အတူတကွလုပ်ဆောင်မှုတစ်ခုအဖြစ် မိမိလုပ်ငန်းခွင်တည်နေရာနှင့် နီးစပ်ရာများတွင် ဆန်အိတ်များကိုလှူဒါန်းခြင်းဖြင့် တစ်တပ်တစ်အားပါဝင်ခဲ့ပါသည်။

ယခုလိုမျိုး အကျိုးသက်ရောက်မှု ကြီးမားထင်ရှားသည့် လုပ်ဆောင်မှုအပေါ် uab bank ၏ CEO Christopher Loh မှ "ကျွန်တော်တို့ရဲ့ (၁၃) နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ဆန်လှူဒါန်းတဲ့ Campaign ဟာ လူအများအတွက် ပံ့ပိုးကူညီမှုတစ်ခုဖြစ်စေမှာပါ။ ဒေသခံများအတွက် ထောက်ပံ့ကူညီပေးဖို့ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ကတိကဝတ်ကို ထင်ဟပ်စေပါတယ်။ ကျွန်တော်တို့ ဘဏ်က ဘဏ္ဍာရေးဝန်ဆောင်မှုတွေသာမကပဲ အပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေကို လုပ်ဆောင်ပေးဖို့၊ လူမှုအသိုင်းအဝိုင်းကို အထောက်အကူဖြစ်စေဖို့နဲ့ စာနာမှုကို ဖော်ဆောင်ဖို့အတွက် ရည်ရွယ်ပါတယ်"

ထို့အပြင် " uab ဘဏ်ရဲ့ လွန်ခဲ့တဲ့ (၁၃) နှစ်တာကာလ ခရီးလမ်းကို ကျွန်တော်တို့အပေါ် ယုံကြည်စွာနဲ့ အပ်နှံထားတဲ့ customer တွေ၊ ဝန်ထမ်းတွေနဲ့ ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေတဲ့ လူအများရဲ့ မယိမ်းမယိုင်တဲ့ ပံ့ပိုးကူညီမှုနှင့် ယုံကြည်စိတ်ချမှုတွေကြောင့်လို့ ယုံကြည်ပါတယ်။ အဲ့လို ပံ့ပိုးမှုတွေကြောင့်ပဲ လိုအပ်နေတဲ့ သူတွေကို ပြန်လည်ပြီး ထောက်ပံ့ပေးနိုင်တာပဲဖြစ်ပါတယ်။"

uab ဘဏ်သည် အနာဂတ်ကို ရှေးရှုသည်နှင့်အမျှ၊ ဒေသခံလူထုများအတွက် ပိုမိုကောင်းမွန်သော အသွင်ကူးပြောင်းမှုများကို ဖန်တီးရန် ခိုင်မြဲသော ကတိကဝတ်များအမြဲရှိ နေမည်ဖြစ်ပြီး "ပြောင်းလဲမှုကို ရှေးရှုသော လူသားအကျိုးပြုဘဏ်" ဟူသော ဆောင်ပုဒ်နှင့်အညီ ကတိကဝတ်များကို စံနမူနာပြလျှက်ရှိပါသည်။