Rebuild Myanmar: Sagaing Quake Relief
Latest Updates >

Media Release

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေရန် လိုအပ်သောကြိုတင်ကာကွယ်မှုများ ဆောင်ရွက် ထားလျက်ရှိခြင်းနှင့် ဘဏ်ခွဲ ခေတ္တယာယီ ပိတ်သိမ်းခြင်း

ရန်ကုန်၊ ၁၆ရက် စက်တင်ဘာလ ၂၀၂၀ ခုနှစ် – မန္တလေးရှိ ကျောက်ဆစ်တန်းဘဏ်ခွဲတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးတွင် စက်တင်ဘာလ (၁၆)ရက်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် ထိုဘဏ်ခွဲအား ခေတ္တယာယီ ပိတ်ထားကြောင်း uab bank မှ အသိပေး ကြေညာလိုက်ပါသည်။ ၎င်းဝန်ထမ်းသည် စက်တင်ဘာ (၁၁) ရက်နေ့တွင် နောက်ဆုံး ရုံးတက်ရောက်ခဲ့ခြင်းဖြစ်ပြီး နောက်နေ့များ၌ အိမ်မှ အလှည့်ကျ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

မန္တလေး ကျောက်ဆစ်တန်းဘဏ်ခွဲမှ customer များအားလုံး ဘဏ်ဝန်ဆောင်မှုများနှင့် ဘဏ်၏လုပ်ငန်းဆောင်တာများ ပြုလုပ်လိုပါက မည်သည့် uab bank ဘဏ်ခွဲတွင်မဆို ဝန်ဆောင်မှုများ ရယူနိုင်ပါသည်။ မန္တလေးတွင် uab bank ဘဏ်ခွဲပေါင်း ၁၆ ခုရှိပြီး ၎င်းဘဏ်ခွဲအားလုံးမှ သင့်အားဝန်ဆောင်မှုများ ပေးနိုင်ပါသည်။ ဝန်ဆောင်မှု လိုအပ်သမျှကို ကျွန်တော်တို့၏ ဘဏ်ခွဲများတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

ကျွန်တော်တို့၏ ATM များနှင့် mobile banking ဝန်ဆောင်မှုများအားလုံးကို ၂၄ နာရီပတ်လုံး အဆင်သင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

စက်တင်ဘာလ (၁၆)ရက်တွင် ရုံးချုပ်ရှိ အခြား၀န်ထမ်း (၃)ဦး၌လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း အတည်ပြု အကြောင်းကြား လိုက်ပါသည်။ ၎င်း၀န်ထမ်း (၃)ဦးသည် စက်တင်ဘာလ (၁၂)ရက်မှစ၍ ဟိုတယ် Quarantine ဝင်နေကြသူများ ဖြစ်ပါသည်။ ဤအကြောင်းအရာအား အသေးစိတ်သိရှိလိုပါက ကျွန်တော်တို့၏ website ရှိ “COVID-19 နှင့် ပတ်သက်၍ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းသို့ အသိပေးကြေညာချက်များ”တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

ကပ်ရောဂါ ကူးစက်မှုများစတင်ခဲ့သည် အချိန် မတ်လ ၂၀၂၀ မှစ၍ uab bank သည် Business Continuity Plan (BCP) နှင့် Crisis Control Unit (CCU)များကို စတင် အကောင်အထည်ဖော်ခဲ့ပါသည်။ ယခု ဒုတိယလှိုင်းမှာလည်း CCU ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အခြေအနေကို အနီးကပ်လေ့လာစောင့်ကြည့် သွားမှာဖြစ်ပါတယ်။ ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ‌သေချာ ဂရုစိုက်သွားမည် ဖြစ်ပါသည်။

ကျွန်တော်တို့ ဘဏ်မှ အများပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ၀န်ဆောင်မှုများ ဆက်လက်ပေးဆောင်သွားမည် ဖြစ်ပါသည်။ ဒုတိယလှိုင်းအတွင်း ၀န်ဆောင်မှုများ ဆက်လက်ပေးဆောင်နိုင်ရန်နှင့် တွေ့ဆုံမှုများလျှော့ချနိုင်ရန်အတွက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကိုလည်း အလှည့်ကျ နေအိမ်မှ အလုပ်လုပ်စေရန် ချမှတ်ထားပါသည်။

uab bank ၏ ဘဏ်ခွဲများ၌လည်း လိုအပ်သည့် ကြိုတင်ကာကွယ်ရေးအစီအမံများကို ဆောင်ရွက်ရန် ညွှန်ကြားချမှတ် ထားပြီး၊ ၎င်းတို့မှာ-

    • လက်အိတ်၊ face mask နှင့် လက်သန့်စင်ဆေးရည်များ ထားရှိပေးထားခြင်း
    • ဘဏ်သို့လာ‌ ရောက်သော customer များနှင့်ဝန်ထမ်းများ အနေဖြင့် mask မတပ်မနေရစနစ်ကျင့်သုံးစေခြင်း
    • Social distancing ကိုတိတိကျကျလိုက်နာ၍ ဝန်ဆောင်မှုပေးစေခြင်း
    • ဘဏ်သို့လာရောက်သူ customer များနှင့် ဝန်ဆောင်မှုပေးသူဝန်ထမ်းများအား နာမည်စာရင်းပြုလုပ်မှတ်သားခြင်း
    • Customer များအဆင်ပြေလွယ်ကူစေရန် digital ဝန်ဆောင်မှုများအားအသုံးပြုရန် တိုက်တွန်းနှိုးဆော်ခြင်း (uab mobile ၊ SaiSai Pay ၊ uabpay+ နှင့် uab online banking)

၀န်ထမ်းများ၊ customerများနှင့် ဧည့်သည်များ၏ ကျန်းမာရေးနှင့် လုံခြုံမှုသည် အဓိကဦးစားပေးဖြစ်ပါသည်။ uab bank စီမံခန့်ခွဲမှု အဖွဲ့သည် MOHS မှ COVID-19 ကာကွယ် တားဆီးရေးနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အကြံပေးချက်များနှင့် လမ်းညွှန် ချက်များကို တင်းကြပ်စွာလိုက်နာနေပြီး ကျွန်ုပ်တို့၏ ဘဏ်ခွဲများ၊ ဘဏ်လုပ်ငန်း လည်ပတ်မှုများနှင့် ပတ်သက် ၍လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များကို တင်းကြပ်စွာ လိုက်နာလျှက်ရှိပါသည်။

#LeadingChange #HumanisingBanking #TogetherWeThrive