Corporate Salary Loan

လစဥ်ပုံမှန်၀င်ငွေရှိသူများအနေဖြင့် အလုပ်ရှင်၏ ထောက်ခံချက်ဖြင့် လစာမှလစဥ်အရစ်ကျ ဖြတ်တောက်၍ ဘဏ်သို့ လစဥ်ပြန်လည် ပေးဆပ်ပြီး ချေးငွေရယူနိုင်သည့် personal loan ချေးငွေအမျိုးအစားဖြစ်ပါသည်။ ပုံမှန်အားဖြင့် ကုမ္ပဏီကြီးများသည် personal loan အမျိုးအစားဖြင့် ၎င်းတို့၏ ၀န်ထမ်းများအား ထောက်ပံ့ပေးရန်အတွက် ဘဏ်နှင့် ချိတ် ဆက်စီစဥ်ထားရှိမှုများ ပြုလုပ်ထားပါသည်။

လစဉ်အရစ်ကျစနစ်ဖြင့် ပြန်လည်ပေးဆပ်ရေး ကာလ အများဆုံး(၃)နှစ်အထိ နှင့် ချေးငွေပမာဏကို အများဆုံး ကျပ်သိန်း(၁၀၀)အထိ ထုတ်ချေးခွင့်ပြုခြင်း။

အောက်ပါအဖွဲ့အစည်းများတွင် အနည်းဆုံး လုပ်သက် ၂နှစ် ပြည့်ပြီးသည့် အတည်ပြု ၀န်ထမ်းများမှ လျှောက်ထားနိုင်ပါသည်။

က) အစိုးရ / အစိုးရနှင့် ဖက်စပ်အဖွဲ့အစည်းများ
ခ) မြန်မာနိုင်ငံရှိ ဗဟိုဘဏ်နှင့် အခြားသော ဘဏ်များ
ဂ) ဖက်စပ် ကုမ္ပဏီများ/ နိုင်ငံခြား ကုမ္ပဏီ များ
ဃ) အခြားသော အသိအမှတ်ပြု မြန်မာ ကုမ္ပဏီများ
င) အစိုးရကျောင်းများ/ကောလိပ်များ
စ) နာမည်ကျော်ကြားသော ပုဂ္ဂလိက ကျောင်းများ/ ကောလိပ်များ

က) ဤအစီအစဉ်အောက်တွင် ၎င်းတို့၀န်ထမ်းများမှ လစာ ချေးငွေယူခြင်းအပေါ် ခွင့်ပြုကြောင်းစာကို အလုပ်ရှင်ဘက်မှ ထုတ်ပေးရန် လိုအပ်ပါသည်။
b) Guarantee from another one employee in the same grade or higher.
ဂ) ၀န်ထမ်း၏ချေးငွေလျှောက်လွှာတွင် အလုပ်ရှင်မှ ချေးငွေ နှင့်ပတ်သက်၍ ထောက်ခံပေးရပါ မည်။
ဃ) ချေးငွေလျှောက်ထားသူနှင့် အာမခံသူတို့ထံမှ KYC document များ
င) လစာအထောက်အထား/အလုပ်ရှင်မှ ထုတ်ပေးသည့် certificates
စ) လစာနှင့် အခြားအကျိုးခံစားခွင့်များအား ဖြတ်တောက် ပေးပြီး ဘဏ်သို့ထည့်သွင်းပေးရန် တာ၀န်ယူသည့် စာကို အလုပ်ရှင် ဘက်မှ ထုတ်ပေးရပါမည်။

အတိုးနှုန်း 12% & other 15% p.a
သက်တမ်းမပြည့်မီ ပြန်လည် ပေးဆပ်သည့် ပေါ်တွင် ကောက်ခံမည့် အခကြေးငွေ 3% on prepaid amount ( if paid during the first 2 years of loan period )
2% on prepaid amount ( if paid during the third year of loan period )
1% on prepaid amount ( if paid after 3 years of loan period )