Rebuild Myanmar: Sagaing Quake Relief
Latest Updates >

uab bank ၏ ၂၀၂၄ နှစ်သစ်ကူး စုပေါင်းသွေးလှူဒါန်းပွဲ

သွေးလှူဒါန်းတယ်ဆိုတာ ကိုယ့်သွေးနဲ့ လူ့အသက်တွေကို ကယ်တင်နိုင်တဲ့ အင်မတန် မွန်မြတ်ပြီး အဓိပ္ပာယ်ရှိလှတဲ့ အလှူတစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် အလှူတွေထဲမှာမှ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်အောင်မြင်မှ လှူဒါန်းနိုင်တဲ့ “သွေးအလှူ” မှာ ပါဝင်ခွင့်ရတာကလည်း ကံကောင်းခြင်း တစ်မျိုးပါပဲ။ ဒီလို ပါဝင်နိုင်ဖို့ ခက်ခဲတဲ့ မွန်မြတ်လှတဲ့ သွေးလှုဒါန်းပွဲမှာ စေတနာအပြည့်နဲ့ တက်တက်ကြွကြွ ပါဝင်ပေးခဲ့ကြတဲ့ uabian များအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်နော်။
ဖေဖော်ဝါရီလ ၂ ရက်နဲ့ ၃ ရက်နေ့၊ ရန်ကုန်နဲ့ မန္တလေးသွေးလှူဘဏ်တို့မှာ ပြုလုပ်ခဲ့တဲ့ “uabian များ၏ ၂၀၂၄ နှစ်သစ်ကူး အထိမ်းအမှတ် စုပေါင်းသွေးလှူပွဲ” မှာ ပါဝင်သွေးလှူဒါန်းပေးခဲ့ကြတဲ့ uabians တို့ရဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။