Rebuild Myanmar: Sagaing Quake Relief
Latest Updates >

2024ခုနှစ် သမိုင်းဝင် မြင်းစီးအားကစားပြိုင်ပွဲ

မြန်မာနိုင်ငံ မြင်းစီးအားကစားသမားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ၁၉၉၃ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၃၀ ကြာပြီးမှ ပထမဆုံးစည်စည်ကားကားပြန်လည်ပြုလုပ်တဲ့ မြင်းစီးပြိုင်ပွဲကို uab bank ကနေ Co-Sponsor အဖြစ် ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ပါဝင်ဖြစ်ခဲ့ပါတယ်။
ဒီပွဲလေးကို မြန်မာနိုင်ငံမြင်းစီး အားကစားအဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာ့ရိုးရာ မြင်းစီး အားကစားကော်မတီမှ ဦးစီးကျင်းပတာဖြစ်ပြီး လိုအပ်သည့် ကူညီပံ့ပိုးမှုများအတွက် Golden Gate Global Myanmar Pte ltd နှင့် Bay of Inle Hotel တို့မှလည်း ပါဝင်ပေးထားပါတယ်။
အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေရင်း မြန်မာနိုင်ငံမြင်းစီး အားကစားလောက အစဉ်အမြဲ တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။