Rebuild Myanmar: Sagaing Quake Relief
Latest Updates >
Press release

uab bank အပေါ် မဟုတ်မမှန်မှားယွင်းသည့်သတင်းများ ဖြန့်ချီနေမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

ယခု လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေသည့် ဗိုလ်ချုပ်ကြီး မိုးအောင်သည် uab bank ၏ ပိုင်ရှင်ဖြစ်ပြီး ဒေါ်လာကိစ္စရပ်များ ကြောင့် ဘဏ်အားစစ်ဆေးမှုများရှိနေသည်ဆိုသည့် လုံးဝ(လုံးဝ)မှန်ကန်မှုမရှိသည့် မဟုတ်မမှန်မှားယွင်းသည့် သတင်း များဖြင့် ဘဏ်၏ ဂုဏ်သတင်းကို ညှိုးနွမ်းစေရန်ရည်ရွယ်ချက်ရှိရှိဖြင့် မီဒီယာတွင် ဖြန့်ချီ(ဝေ)လျှက်ရှိသည်ကို သတိပြု မိပါသည်။ အောက်ပါအတိုင်းရှင်းလင်းထုတ်ပြန်အပ်ပါသည်။

၁။ ဗိုလ်ချုပ်ကြီး မိုးအောင်သည် ဘဏ်၏ရှယ်ယာရှင်တစ်ဦးမဟုတ်သလိုပိုင်ရှင်လည်းမဟုတ်ပါ။ ဘဏ်နှင့် ပတ်သက်မှု မရှိသလို၊ပါဝင်သက်ဆိုင်မှုတစ်စုံတစ်ရာမရှိပါ။ ၂။ uabbank ကိုလည်းမည်သည့်စုံစမ်းစစ်ဆေးမှုများအားလုပ်ဆောင်ခြင်းမရှိပါ။

uab bank သည် တင်းကြပ်သော Corporate Governance စံနှုန်းများဖြင့်အညီ ပွင့်လင်းမြင်သာသော အုပ်ချုပ်ရေး ပိုင်းစနစ်ဖြင့် စီမံအုပ်ချုပ်ခဲ့ပြီး ၊ ချမှတ်ထားသည့် စံနှုန်းများကို ချိုးဖောက်မှုမရှိ လိုက်နာ ကျင့်သုံးလာခဲ့ပြီး လွတ်လပ် သော အုပ်ချုပ်မှုအောက်တွင် ခိုင်ခိုင်မာမာ ရပ်တည်လျှက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စည်းကမ်း များ ကိုလည်း တိတိကျကျ လိုက်နာ ဆောင်ရွက် လျှက်ရှိသည့် ဘဏ်တစ်ခုဖြစ်ပါသည်။ ဒေါ်လာ အရောင်း အဝယ် ကိစ္စ ရပ် များအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်ထားသော online trading system မှတစ်ဆင့် သတ်မှတ် ထားသည့် နှုန်း အတိုင်းသာ ဆောင်ရွက်လျှက်ရှိပါသည်။

ဤမဟုတ်မမှန်မှားယွင်းသည့်သတင်းများဖြင့် ထုတ်ဝေဖြန့်ချီမှုကို ကျွန်တော်တို့ဘဏ်ဘက်မှလည်း တရားဥပဒေ အတိုင်းအရေးယူလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ဤလုပ်ဆောင်ချက် Statement သည် ဘဏ်၏ Customer များနှင့် အများပြည်သူများအား အဆိုပါသတင်းသည် မဟုတ်မမှန်မှားယွင်းသည့် သတင်းအမှားများသာဖြစ်ကြောင်း သိနိုင်စေရန် ထုတ်ပြန်ခြင်းသာ ဖြစ်ပါသည်။

၂၇ ရက်နေ့ ဩဂုတ်လ ၂၀၂၃ ခုနှစ်။