Rebuild Myanmar: Mandalay Quake Relief
Latest Updates >

အရောင်များမှ ပြောသောစကားများ Liquid Lipsticks

Liquid Lipstick လေးတွေကတော့ 2-in-1 ဖော်မြူလာနဲ့ ထုတ်လုပ်ထားပြီး နှုတ်ခမ်းပေါ် တွင်သာမက ပါးပြင်မှာပါ လိမ်းခြယ်နိုင်မယ့် Lipstick အမျိုးအစား ဖြစ်ပါတယ်။
နှုတ်ခမ်းသားရဲ့ အစိုဓာတ်ကိုထိန်းထားနိုင်ပြီး နှုတ်ခမ်းသားအဖက်မလန်၊ ခြောက်သွေ့မှုမရှိစေဘဲ အရောင်ထွက်အားကောင်းတဲ့အပြင် အရောင်တိုင်းကိုလည်း နှုတ်ခမ်းနီအပြင် ပါးနီအဖြစ်ပါ ပေါ့ပေါ့ပါးပါးလိမ်းခြယ်နိုင်အောင် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။

ပန်းပွင့်လေးလိုရှက်သွေးဖြာပြီး လှပစေမယ့် Ethereal Bloom – Nude Pink

အရောင် – Nude Pink

Tagline: Soft, but never subtle.

အသေးစိတ်ဖော်ပြချက်

နှုတ်ခမ်းသားအဖတ်လန်ခြင်း၊ ခြောက်သွေ့ပျက်စီးခြင်းမရှိစေဘဲ နှုတ်ခမ်းဖူးဖူးလေးနဲ့ မိန်းကလေးဆန်စွာ လှပနူးညံ့ပြီးထင်ပေါ်စေမယ့် ပန်းနုရောင်နှုတ်ခမ်းနီပဲဖြစ်ပါတယ်။ သဘာဝဆန်ဆန်ပန်းနုရောင်သမ်းနေမှာဖြစ်ပြီး အရောင်ထွက်အားကောင်းတာကြောင့် နှုတ်ခမ်းတွင်သာမက ပါးပြင်ပေါ်မှာပါ ပန်းနုရောင်ပါးနီသဖွယ် လိမ်းခြယ်နိုင်ပြီး အသားအရည်အရောင်မရွေးလိုက်ဖက်စေမယ့် နှုတ်ခမ်းနီပဲဖြစ်ပါတယ်။

အကျိုးအာနိသင်များ

  • နူးညံ့ပြီးပေါ့ပါးခြင်း
  • အသားအရောင်မရွေးလိုက်ဖက်သောအရောင်ဖြစ်ခြင်း\
  • သဘာဝအတိုင်းပန်းနုရောင်သန်းနေခြင်း
  • နှုတ်ခမ်းပေါ်တွင်သာမက ပါးနီသဖွယ်သုံးနိုင်ခြင်း

တက်ကြွလန်းဆန်းတဲ့အသွင်အပြင်အတွက် Defiant Beauty – Deep Brown

အရောင် – Rich Brown

Tagline: Power in every swipe.

အသေးစိတ်ဖော်ပြချက်

အညိုရောင်ထင်းထင်းလေးဖြစ်တဲ့အတွက် ဆိုးထားတဲ့အချိန်တိုင်းမှာ တောက်ပပြီး ကျက်သရေရှိတဲ့ Confidence Look ကိုပိုင်ဆိုင်စေမှာပဲဖြစ်ပါတယ်။ နှုတ်ခမ်းပေါ်မှာ အသုံးပြုနိုင်ရုံသာမက သွယ်လျတဲ့ မျက်နှာအသွင်ရစေဖို့ လက်နဲ့ပုတ်ကာ ပါးရိုးတစ်လျှောက် လိမ်းခြယ်နိုင်ပါတယ်။

အကျိုးအာနိသင်များ

  • နှုတ်ခမ်းသားခြောက်သွေ့မှုမရှိဘဲ Matte Finish အာနိသင်ကို ပေးစွမ်းနိုင်ခြင်း
  • နူးညံ့ပြီး အရောင်ထွက်အားကောင်းမွန်ခြင်း
  • ပေါ့ပါးတဲ့ texture ကြောင့် ဆိုးထားမှန်းမသိသာခြင်း
  • ပါးနီအဖြစ်ပါ သုံးစွဲနိုင်ခြင်း

သဘာဝအတိုင်း နှုတ်ခမ်းသားအလှကိုပေါ်လွင်စေမယ့် Noble Spirit – Nude Brown

အရောင် – Nude Brown

Tagline: Grace made visible.

အသေးစိတ်ဖော်ပြချက်

Creamy texture ဖြစ်တာကြောင့် နှုတ်ခမ်းသားကို ခြောက်သွေ့ပျက်စီးခြင်းမရှိစေဘဲ နှုတ်ခမ်းတွင်သာမက ပါးပြင်မှာပါ ပါးနီအနေဖြင့် သုံးနိုင်ပြီး ယဥ်ယဥ်လေးနဲ့လှနေမယ့် အညိုနုရောင် နှုတ်ခမ်းနီဖြစ်ပါတယ်။

အကျိုးအာနိသင်များ

  • နှုတ်ခမ်းအစိုဓာတ်ကိုထိန်းသိမ်းနိုင်ခြင်း
  • နူးညံ့ပြီး နှုတ်ခမ်းသားကိုညီညာစွာဖုံးအုပ်နိုင်ခြင်း
  • နေ့ ည မရွေး အသုံးပြုနိုင်ခြင်း
  • နှုတ်ခမ်းပေါ်တွင်သာမက ပါးနီသဖွယ်သုံးနိုင်ခြင်း

ရှိရင်းစွဲ နှုတ်ခမ်းအလှကို ပိုမိုပေါ်လွင်စေဖို့ Bold Essence – Vibrant Red

အရောင် – Vibrant Red

Tagline: For lips that lead.

အသေးစိတ်ဖော်ပြချက်

ကတ္တီပါသားလို နူးညံ့တဲ့ အထိအတွေ့နဲ့ အရောင်ထွက်အားကောင်းတဲ့ နှုတ်ခမ်းနီ အနီရောင်ရဲရဲလေးကြောင့် မြင်သူတိုင်း လည်ပြန်လှည့်ကြည့်ရမယ့် နှုတ်ခမ်းတစ်စုံကိုပိုင်ဆိုင်နိုင်ပြီး ပါးနီအဖြစ်ပါသုံးစွဲနိုင်တဲ့အတွက် နေ့ဘက်မှာသာမက ညဘက်မှာပါ ဆွဲဆောင်မှုရှိရှိ လှပစေမှာပဲဖြစ်ပါတယ်။

အကျိုးအာနိသင်များ

  • အရောင်ထွက်အားကောင်းမွန်ခြင်း
  • ခြောက်သွေ့ခြင်း မရှိစေဘဲ ဆိုးထားမှန်းမသိသာစေခြင်း
  • ကြာရှည်ခံခြင်း
  • နှုတ်ခမ်းပေါ်တွင်သာမက ပါးနီသဖွယ်သုံးနိုင်ခြင်း