Rebuild Myanmar: Mandalay Quake Relief
Latest Updates >

uab cosmetics
မြန်မာမလေးတိုင်းအတွက်

GMP နဲ့ FDA အသိအမှတ်ပြုစံနှုန်းတွေနဲ့အတူ အသားအရောင်အမျိုးမျိုးအတွက် ဂရုတစိုက် ဂုဏ်ယူစွာ ထုတ်လုပ်ထားတဲ့ uab Exclusive Cosmetics များကို uab bank မှ စတင်မိတ်ဆက်လိုက်ပါပြီ။
တည်ငြိမ်ကြော့ရှင်းတဲ့ အလှတရားကို ပိုင်ဆိုင်ချင်လား၊ လူအများကြား ထင်းနေပြီး ‌တောက်ပတဲ့ အလှတရားကို ပိုင်ဆိုင်ချင်လား၊ ဆွဲဆောင်မှုရှိတဲ့ မိမိရဲ့အသွင်ကို ထုတ်ဖော်ပြသချင်လား။
uab ရဲ့ Cosmetic Product များကို အမျိုးသမီးများအားလုံးအတွက် ဂုဏ်ပြုရင်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ လှပနေစေရန် ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

Shop the Collection

🛒 ဘယ်မှာ ဝယ်လို့ရနိုင်လဲ။

uab Cosmetics ကို မြန်မာနိုင်ငံတစ်ဝှမ်း uab bank website နဲ့ uab retail facebook page တို့မှာ တိုက်ရိုက်ဝယ်ယူနိုင်သလို Online မှာပါ ဝယ်ယူရရှိနိုင်ရန် စီစဉ်ပေးသွားမှာပါ။

📌 အသိအမှတ်ပြုလက်မှတ်များ

  • GMP Certified – သန့်ရှင်းမှုနဲ့ အရည်အသွေးပိုင်းကို စိတ်ချရစေဖို့ အပြည်ပြည်ဆိုင်ရာ Good Manufacturing Practice စံချိန်စံနှုန်းများနဲ့ ကိုက်ညီတဲ့ စက်ရုံတွင်သာ ထုတ်လုပ်ထားပါတယ်။
  • FDA Approved – မြန်မာနိုင်ငံရဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ ဘေးကင်းရေး စည်းမျဉ်းများနဲ့ ကိုက်ညီစေရန် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပြီး အသားအရည်တိုင်းနဲ့ သင့်တော်တဲ့ ဖော်မြူလာဖြင့်သာ ထုတ်လုပ်ထားပါတယ်။
  • အရည်အသွေးမြင့် ပစ္စည်းများဖြင့်သာ ဂုဏ်ယူစွာ ထုတ်လုပ်ထားပါသည်။

uab ၏မျှော်မှန်းချက်

uab ရဲ့ အလှအပစံနှုန်းကတော့ မိမိရဲ့ ပင်ကိုအလှအပေါ် ယုံကြည်မှုရှိခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အသားအရောင်အမျိုးမျိုး၊ မျက်နှာပုံစံအမျိုးမျိုး၊ ဘဝအမျိုးမျိုးကို ဂုဏ်ပြုတဲ့အနေနဲ့ အရည်အသွေးမြင့် အလှကုန်ပစ္စည်းများကို ထုတ်လုပ်ရန် ရည်ရွယ်ပြီး ယခု Cosmetic Set ကို ပြုလုပ်ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။

စွဲမက်ဖွယ်ရာ နှုတ်ခမ်းသားတစ်စုံကနေ နူးညံ့အိစက်တဲ့ နှုတ်ခမ်းဖူးဖူးလေးအထိ ပုံဖော်ဖန်တီးနိုင်ပြီး နေ့ရက်တိုင်းလှပနေဖို့၊ ကိုယ့်ရဲ့ ပင်ကိုအလှကို ထုတ်ဖော်ရင်း သဘာဝဆန်ဆန် လှပနေစေဖို့ Product တစ်ခုချင်းစီကို ဂရုတစိုက် ပုံဖော်ပြုလုပ်ထားပါတယ်။

ဒီလို မိမိရဲ့ ပင်ကိုအလှကို ပေါ်လွင်စေမယ့် အလှကုန်တွေကို ထုတ်လုပ်တဲ့အခါမှာ နေ့ရက်တိုင်းမှာ လှပနေဖို့ လူတိုင်းအတွက် သင့်တော်ပြီး သိသာတဲ့ ရလဒ်တွေကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ရင်း ထုတ်လုပ်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Our Promise

  • မတူကွဲပြားတဲ့ အသားအရောင်အမျိုးမျိုးအတွက် Color Shade အမျိုးမျိုး ထုတ်လုပ်ပေးထားခြင်း
  • မျက်နှာပေါ်မှာ တစ်နေ့တာလုံး လွတ်လပ်ပေါ့ပါးနေပြီး ပိုကောင်းတဲ့ Coverage ရ‌စေဖို့ တစ်လွှာချင်း လိုအပ်သလို လိမ်းနိုင်ခြင်း
  • ဘေးဥပါဒ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ၊ ရနံ့တွေ မပါဝင်ဘဲ ဂရုတစိုက် ထုတ်လုပ်ထားခြင်း