Rebuild Myanmar: Sagaing Quake Relief
Latest Updates >

uab ရဲ့ လက်ဖက်စကားဝိုင်း

လက်ဖက်ဆိုတာ မြန်မာလူမျိုးတိုင်းကြိုက်ကြတဲ့ မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်ပါတယ်။ မြန်မာ့ရိုးရာလက်ဖက်ဝိုင်းလေးမှာ လက်ဖက်လေးစား ရေနွေးကြမ်းလေးသောက်ရင်းနဲ့ စကားစမြည်ပြောရတာလည်း မြန်မာ့ရိုးရာအစဥ်အလာတစ်ခုပါ။ စကားတွေပြောကြ ဗဟုသုတတွေ ဖလှယ်ကြနဲ့ ပိုမိုရင်းနှီးမှုလည်း တိုးစေတဲ့ရိုးရာလေးတစ်ခုပါ။
ဒီနေ့ video လေးမှာဆိုရင်တော့ ဒေါ်ဆုပြည့်ခင် (Head of Marketing) နဲ့ ဒေါ်လတ်လတ်အေး (Head of Consumer Loans) တို့အတူတူ လက်ဖက်ဝိုင်းလေးမှာ အတူတူလက်ဖက်လေးစား ရေနွေးကြမ်းလေးသောက်ပြီး uab ရဲ့ သင်္ဘောသားချေးငွေ (Seafarer Loans) အကြောင်း ပြောဖြစ်ခဲ့ကြပါတယ်။