Rebuild Myanmar: Mandalay Quake Relief
Latest Updates >

update news

A helping hand to the elders of Hnin Si Gone Aging Home Center to take a visit to Shwedagon Pagoda

ဘိုးဘွားတွေဟာ ကာကွယ်စောင့်ရှောက်ပေးမယ့်သူလိုအပ်လျှက်ရှိပြီး အာဟာရ၊ နေထိုင်စရာ၊ ဆေးဝါး နှင့် လူမှုရေးကိစ္စတွေကို လုပ်ဆောင်ပေးဖို့ ကူညီပေးမယ့်သူတွေ လိုအပ်လျှက်ရှိပါတယ်။ ဒါကြောင့်ပဲ uabian တွေဟာ နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှ ဘိုးဘွားတွေကို ရွှေတိဂုံဘုရားသို့ ပို‌ဆောင်ပေးနိုင်ဖို့အတွက် စီစဥ်ဆောင်ရွက်ပေးခဲ့ကြပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရုံးချုပ်မှာရှိတဲ့ uabian အယောက် (၁၀၀) ကျော်နှင့် uab ဘဏ်ခွဲ (၂) ခုမှ ဘိုးဘွားများကို ဘုရားပေါ်တွင် ကောင်းမွန်စွာဘုရားဖူးနိုင်ရန်အတွက် မနက် (၆) နာရီမှစတင်ပြီး volunteer များမှ ကူညီစောင့်ရှောက်ပေးခဲ့ကြပါတယ်။ “မနက် ၃နာရီခွဲထဲက ဘုရားကိုသွားချင်လွန်းလို့နိုးနေတာ” လို့ ဘိုးဘွားတစ်ဦးမှလည်းပြောခဲ့ပါတယ်။

uab Foundation ရဲ့ ပံ့ပိုးကူညီမှုဖြင့် ဘိုးဘွားများအတွက် တစ်နေ့စာအာဟာရအလှူပြုလုပ်ခဲ့ပြီး ငွေသားများကိုလည်း လှူဒါန်းခဲ့ပါတယ်။ uabian များမှလည်း ငွေသားလှူဒါန်းမှုများပြုလုပ်ခဲ့ပြီး လှူဒါန်းဖွယ်ရာများကို လည်းတစ်တပ်တစ်အားပါဝင်လှူဒါန်းခဲ့ကြပါတယ်။ 

လှူဒါန်းမှုမှာပါဝင်ခဲ့ကြတဲ့ uabian များမှလည်း ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပြီး ပြောင်းလဲမှုတစ်ခုကိုလုပ်ဆောင်နိုင်ခဲ့လို့ ပီတိဖြစ်ခဲ့ရပါတယ်။