Rebuild Myanmar: Sagaing Quake Relief
Latest Updates >

update news

Blood Donation of uabians supported by uab foundation

သွေးဆိုတာဟာ ထိခိုက်ရှနာဖြစ်တာတွေ၊ ခွဲစိတ်မှုတွေနဲ့ အခြားသောကိုယ်ခန္ဓာနာမကျန်းခြင်းတွေမှာ လူနာတွေကို အသက်ဆက်ပေးနိုင်တဲ့ အရာပဲဖြစ်ပါတယ်။ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ (စနေနေ့) မှာ uabian တွေဟာ နှစ်သစ်ကို မွန်မြတ်တဲ့ သွေးလှူခြင်းနဲ့ စတင်ခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ အမျိုးသားသွေးဌာနတွေမှာ သွေးလှူဒါန်းဖို့အတွက် စေတနာ့ဝန်ထမ်းအဖြစ်ကူညီပေးခဲ့ကြတဲ့ uabian (၁၀၀) ကျော်ကို uab foundation မှ ကျေးဇူးအထူးတင်ရှိပါတယ်။

သွေးလိုအပ်မှုဟာ ဆက်လက်ရှိနေမှာဖြစ်ပြီး ကျွန်တော်တို့အတူတကွကူညီပေးခြင်းဖြင့် ပိုမိုထိရောက်တဲ့ အကျိုးသက်ရောက်မှုတစ်ခုဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ uab foundation မှလည်း ပိုမိုကောင်းမွန်သော local community တစ်ခုဖြစ်စေရန် အမျိုးသားသွေးဌာနတွေကို ငွေသားလှူဒါန်းခဲ့ပါတယ်။ ကျွန်တော်တို့ သွေးလှူဒါန်းမှုပုံရိပ်များကိုလည်း ကျေးဇူးတင်လွှာနှင့်အတူ ဝေမျှပေးလိုက်ရပါတယ်။